ဦးနှောက်သွေးကြောပြတ်ခြင်း

မိတ်ဆွေတို့…
မိမိ မဖြစ်လောက်သေးပေမဲ့ အသက်ကြီးသူတွေ ဘာကြောင့် ဦးနှောက်သွေးကြောပြတ် သေဆုံးကြရပါသလဲဆိုတာလေးသိရအောင်
ထပ်ဆင့်မျှဝေ တင်ပြလိုက်ပါတယ်…

၁၉၀၀ ပြည့်နှစ် ၀န်းကျင်လောက်က Thomas Vills “ သောမတ်စ် ဗီးစ် ” ဆိုတဲ့ ကောင်လေးတစ်ယောက်သူအရမ်းချစ်တဲ့ သူ့အဘိုး…သူ့ရှေ့မှာ ဦးနှောက်သွေးကြော
ပြတ်သွားတာကို ကြုံခဲ့ရတယ်…

ဘာမှ မသိသေးတဲ့ ကလေးလေးဆိုပေမဲ့ သူ့အရမ်းချစ်တဲ့အဘိုး ဖြည်းြဖည်းလဲကျသေဆုံးသွားပုံကို မျက်စိထဲက မထွက်ခဲ့ဘူး..


ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီးတဲ့နောက်မှာ “ သောမတ်စ် ဗီးလ် ” ဟာ ဆရာ၀န်ဖြစ်လာခဲ့တယ်..

သူငယ်ငယ်ကတည်းက မျက်စိရှေ့တင် လဲကျသေဆုံးသွားတဲ့ အဘိုးအဖြစ်ကို
ဘာကြောင့် ဦးနှောက်သွေးကြောပြတ်ရတာလဲလို့ သူ လေ့လာခဲ့တယ်…..

မလေ့လာရင်သာနေမယ်..လေ့လာရင် အရာရာ သိလာရတာပါပဲ….

ဘာကြောင့်လို့ထင်ပါသလဲ

တစ်ခါတစ်လေ ကြီးမားတဲ့ အပြောင်းအလဲတွေဟာ မထင်မှတ်တဲ့ နေရာတွေက အစပြုတတ်ပါတယ်…..

မြန်မာနိုင်ငံမှာ ဦးနှောက်သွေးကြောပြတ်ပြီးခဲ့ရတဲ့ လူတွေ အများကြီးပါ..သူတို့ဟာ အဓိကအားဖြင့် ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တတ်ပါသလဲ…

အလွန်ဒေါသထွက် ၊ ရန်ဖြစ်နေချိန်ကလွဲလို့ ဦးနှောက်သွေးကြောပြတ် သေဆုံးသူအများစုဟာ အိမ်သာကအထွက်မှာ မူးပြီးလဲကျ ဦးနှောက်သွေးကြောပြတ်တယ်လို့တွေ့ရမှာပါ

ဒီလိုပါပဲ…သောမတ်စ်ဗီးလ် တွေ့ရှိခဲ့တယ်..
သူ့အဘိုးကလဲ အိမ်သာက အထွက်မှာလဲကျ သေဆုံးသွားခဲ့တာလေ..
သူ သေသေချာချာ လေ့လာတော့ ရိုးရိုးအိမ်သာခွက်(ဆောင့်ကြောင့်ထိုင်ခွက်)မှာ ထိုင်ပြီး အိမ်သာတက်သူ၏ ဒူးက ၁၅၀ ဒီဂရီကျော်ကွေးပြီး ထိုင်ရုံသာမက လူဝိတ်ကပါ ဖိမိထားတော့ ခန္ဓာကိုယ်က သွေးကြောတွေ ပိတ်မိနေတယ်..

ဒီအချိန်မှာ အိမ်သာတတ်ပြီးလို့ ရုတ်တရက်ထလိုက်တော့ ကွေးနေတဲ့ဒူးဟာ..ရုတ်တရက် သွေးကြောကိုဖွင့်ပေးလိုက်သလိုဖြစ်ပြီး ဦးနှောက်သွေးကြောကို ဆောင့်တိုးစေတယ်..

လူငယ်တွေမှာ ခံနိုင်ရည်ရှိပေမဲ့ လူကြီးတွေကျတော့ ခံနိုင်ရည်အားကျနေပြီလေ.

ဒါကြောင့် အိမ်သာကအထွက်မှာ လူတွေ ဦးနှောက်သွေးကြောပြတ်တာလို့… သူတင်ပြတယ်..

ဒါနဲ့ လေ့လာတွေ့ရှိမှု နောက်ဆက်တွဲ အဖြစ်နဲ့ ရိုးရိုးအိမ်သာခွက်တွေ အစား
ထိုင်ကမုတ်ခွက်တွေကိုပြောင်းသုံးဖို့ သူတီထွင်ခဲ့တယ်..

ထိုင်ကမုတ်ခွက်တွေ အပြောင်းအလဲရဲ့ အကျိုးသက်ရောက်မှုကလဲ
အ့ံြသစရာကောင်းပါတယ်….

၇၀ % သော လူတွေ ဦးနှောက်သွေးကြောပြတ်မှုကို ကာကွယ်နိုင်ခဲ့တယ်..

ပြင်သစ် ၊ ဆွီဒင် ၊ ဂျာမနီ ၊ အမေရိကန် ၊ဟော်လန်နိုင်ငံတွေမှာ ထိုင်ကမုတ်ခွက် သုံးပြီးကတည်းက ဦးနှောက်သွေးကြောပြတ်သူ ၈၅ % လျော့ချနိုင်ခဲ့တယ်..

အင်္ဂလန်အပါအ၀င် တခြားနိုင်ငံတွေမှာ ၇၀ % လျော့ချနိုင်ခဲ့တယ်..

ဖွံဖြိုးပြီး အာရှနိုင်ငံများမှာ ၆၀ % ကျော်လျော့ချနိုင်ခဲ့တယ်..

အာဖရိကတိုက်မှာတော့ ဦးနှောက်သွေးကြောပြတ်သူ တဖုတ်ဖုတ်ပါပဲ..

အားလုံး ဘေးကင်းကြပါစေ…။ ။

Credit#

winhlaingoo

Design a site like this with WordPress.com
Get started